Dubai (U.A.E) Visit Visa နဲ့ ပတ်သက်ပြီး ရရှိနိုင်ဖို့ အနည်းနဲ့ အများဆိုသလို အခက်အခဲ ရှိကြပါတယ်။ အကယ်၍များ အဲ့ဒီလို အခက်အခဲလည်းရှိ၊ ဒူဘိုင်းကိုလည်း အလည်အနေနဲ့သွားချင်တယ်ဆိုရင် ယူအေအီး အလည်ဗီဇာကို အခက်အခဲမရှိ တစ်ပတ်အတွင်း ၀န်ဆောင်မှုပေးပါတယ်။ လိုအပ်တဲ့ သူများ ဆက်သွယ်ကြပါရန် ဒူဘိုင်းအကျိုးမျှော်၍ နှိုးဆော်အပ်ပါတယ် ခင်ဗျာ။
မေမေ့ကိုပဲ တိုင်တည်ရဦးမယ်…
မေမေ…
တခုခု ဆိုရင်လေ…
မေမေ…
ကျနော့်မှာ ခိုလှုံစရာ ဆိုတာက မေမေပဲ ရှိခဲ့ဖူးတာကိုး… ဘ၀မှာ….
ငယ်ငယ်တုန်းက
ကျနော် အမှား လုပ်မိတဲ့အခါ
အဖေ့ကြိမ်လုံးအတွက် ခိုလှုံစရာ
အမေ့ ထမိန်ပဲရှိပါတယ်….
ကျနော့်ကို အဖေရိုက်တဲ့ အခါ…
အမေ့ ထမိန်စကို ဆွဲထားတဲ့ သားကို…
ဟိုးတခါ… စစ်ထောက်လှမ်းရေးတွေ…. အမေ့ကို ဆွဲသွားကတုန်းလိုမျိုး….
အမေ့ ထမိန်စကို အမေ ဆောင့် မဆွဲသွားဘူး….
အမေ့သားလေး…
အဖေ့ တုတ်ချက်တွေကို ဘယ်လောက်ကြောက်တယ်ဆိုတာ အမေသိတယ်…
ကျနော်က
အမှားအယွင်း သိပ်လုပ်တာမဟုတ်ဘူး…
လိမ်လိမ်မာမာနေတဲ့ သား…
အမေ့သားကြီးလို မဆိုးဘူး…
အမေသိပါတယ်…
ဒါမယ့် …
တခါတခါလည်း
ကျနော် မှားပါတယ် မေမေ…
ခုတော့ ကျနော့် အမှားတွေအတွက်
ကျနော့်ဘာသာပဲ
လွင်တီးခေါင်ထဲမှာ ရပ်နေရပါတယ်…
အဖေလည်း
လာမရိုက်တော့ဘူး….
လောကကြီးကပဲ ကျနော့်ကို ရိုက်မှာပါ မေမေ…
ဆွဲစရာ မေမေ့ ထမိန်စလည်း အနားမှာ မရှိ…
ပြေးစရာလည်း မြေက မရှိ…
မေမေ…
ကျနော် အရိုက်ခံရတော့မယ်…
ကျနော် အရိုက်ခံရတော့မယ်… မေမေ…
(အောင်သာငယ်)
ရင်ထဲမှာ နင့်လွန်းလို့ ကိုအောင်သာငယ် ဆီက ခွင့်တောင်းပြီး နှလုံးသားချင်း တူနိုင်သူများအတွက် ပြန်လည် ဝေမျှလိုက်ပါတယ်ခင်ဗျာ။